၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ (၂၁-၁၂-၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၁၁ အရ ပြည်ပနေ နိုင်ငံခြားသားများက နိုင်ငံခြားငွေနှင့် ရသည့်လစာ ခေါင်းစဉ်အောက်ရှိ ဝင်ငွေခွန် စုစုပေါင်းအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကင်းလွတ်ခွင့် ပြုလိုက်ပြီး ဖြစ်ပါသည်။

၂။ အထက်ပေါ်ပြပါ အမိန့်ကြော်ငြာစာအရ (၁-၁-၂၀၁၂) ရက်နေ့မှစ၍ ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုလိုက်ပြီး ဖြစ်ပါသည်။ တည်ဆဲ စည်းမျဉ်း ဥပဒေစည်းမျဉ်းများအရ အောက်ဖော်ပြပါ အချက်များအတိုင်း ဆောင်ရွက်မည် ဖြစ်ပါသည်-

  • (၁၉-၈-၂၀၁၁) မတိုင်မီ ကာလအတွက် မူလနှုန်းထား ၁၀% ဖြင့်ပင် ကောက်ခံမည် ဖြစ်ပါသည်။
  • ပြည်ထောင်စု အစိုးရအဖွဲ့၏ ၁၅၇/၂၀၁၁ အမိန့် ကြငြောစာအရ (၁၉-၈-၂၀၁၁) ရက်နေ့မှစ၍ (၃၁-၁၂-၂၀၁၁) ရက်နေ့အထိ ၂% ဖြင့် ကောက်ခံမည် ဖြစ်ပါသည်။
  • (၂၀၁၁-၂၀၁၂) ဘဏ္ဍာရေးနှစ်အတွက် (၃၁-၁၂-၂၀၁၂) ရက်နေ့အထိ ဝင်ငွေခွန်ကို ကြိုတင်ပေးဆောင်သူများ အနဖြေင့် ဥပဒေ နောက်ကြောင်းပြန် အာဏာ သက်ရောက်မှု မရှိသည့်အလျှောက် အခွန် ရက်နေ့အထိ ၂% ဖြင့် ကောက်ခံမည် ဖြစ်ပါသည်။(၂၀၁၁-၂၀၁၂) ဘဏ္ဍာရေးနှစ်အတွက် (၃၁-၁၂-၂၀၁၂) ရက်နေ့အထိ ဝင်ငွေခွန်ကို ကြိုတင်ပေးဆောင်သူများ အနဖြေင့် ဥပဒေ နောက်ကြောင်းပြန် အာဏာ သက်ရောက်မှု မရှိသည့်အလျှောက် အခွန်ကြိုတင် ထမ်းဆောင်သည့် ကိစ္စများ အကျုံးဝင်မှု မရှိကြောင်း ဖော်ပြအပ်ပါသည်