1. မည်သည့် ကိစ္စများ ဆောင်ရွက်ရန်အတွက် Appointment ရက်ချိန်း ရယူနိုင်ပါသနည်း။

မေး။ မည်သည့် ကိစ္စများ ဆောင်ရွက်ရန်အတွက် Appointment ရက်ချိန်း ရယူနိုင်ပါသနည်း။

ဖြေ။ အောက်ပါ ကိစ္စများဆောင်ရွက်ရန်အတွက် Appointment ရက်ချိန်းရယူနိုင်သည်။
-နိုင်ငံကူးလက်မှတ် သက်တမ်းကုန်/စာရွက်ရေကုန်ဆုံး၍ အသစ်လဲလှယ်ရန်
-နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး၍ အသစ်လျှောက်ထားရန်
-မွေးထားသော ကလေးအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားရန်
-သင်္ဘောသားနိုင်ငံကူးလက်မှတ်မှ သာမန်နိုင်ငံကူးလက်မှတ်သို့ပြောင်းလဲ လျှောက်ထားရန်
-၀င်ငွေခွန်ပေးဆောင်ခွင့် လျှောက်ထားရန်
-ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရန်
-မှီခိုသူဖြစ်ကြောင်း ထောက်ခံစာ လျှောက်ထားရန်
-ပြည်ပတွင် အလုပ်မလုပ်ကြောင်း ထောက်ခံစာ လျှောက်ထားရန်
-မြန်မာနိုင်ငံသာအဖြစ်မှ စွန့်လွှတ်ခွင့်လျှောက်ထားရန်
-နိုင်ငံခြားသားနှင့် လက်ထပ်ထားသူများ အပြန်လေယာဉ်စရိတ် ပေးသွင်းခွင့်လျှောက်ထားရန်
-မြန်မာနိုင်ငံမှ သံဃာတော်များ စင်ကာပူသို့ ဖိတ်ကြားခွင့် လျှောက်ထားရန်